Last post

အတွဲတွေ ညားမညား ခန့်မှန်းပေးမယ့် ပုံသေနည်း

ချစ်ခြင်းမေတ္တာဟာ အသည်းနှလုံးရဲ့အလိုအရ စိတ်နှစ်ခုပေါင်းစည်းထားပြီး သေချာ ရှင်းပြဖို့ခက်တယ်လို့ထင်နေရင် သေချာပြန်စဉ်းစားကြည့်ပါ။ အချစ်ဆိပ်တက်နေသူတွေ က ဘာကြောင့်ချစ်မိသွားလဲမသိဘူးတို့ . ဘာမှအချစ်လောက်အရေးမကြီးဘူးတို့ဘာတို့ အချစ်ဟာရှင်းပြလို့မရဘူးလို့ ပြောနေကြပေမယ့် အချစ်ဖြစ်ပေါ်ရန် ခြေခံ အကျိုးအကြောင်းအချို့လိုအပ်ပါတယ်။ မှန်သည်ဖြစ်စေ. မှားသည်ဖြစ်စေ . အလှအပ နဲ့ ငွေကြေး ကြွယ်ဝမှု တွေက ဟာ ကိုယ်ကြင်ဖော်ကို စတင်ရွေးချယ်တဲ့နေရာမှာ အရေးပါ ပါတယ်။ ဒါပေမဲ့ အတွဲတွေဖြစ်သွားတဲ့ အခါမှာ ဘာတွေ အရေးကြီးပါသလဲ . ဘယ်လောက်ကြာကြာတွဲဖြစ်မှာလဲ . အတည်ယူဖြစ်သွားမှာလား ဆိုတာတွေကအရေးကြီးလာပါပြီ။ အချစ်တစ်ခုကို အကောင်းအဆိုးချိန် ကြည့်ကြရအောင်။ ရည်းစားရှိခြင်းအားဖြင့် စိတ်ရော ကိုယ်ပါ ကျေနပ်မှုတွေရရှိနိုင်ပါတယ်။ ဒါပေမယ့် လွပ်လပ်မှုတော့ စတေးပေးရပါမယ်။ ရည်းစားထားရတဲ့ အကြောင်း အကောင်းအဆိုး ကို ချိန်ကိုက်ကြည့်လိုက်တဲ့အချိန် အကောင်းဘက်ကအားသာနေမှ သာယာတဲ့ ရေရှည်တည်တံ့မဲ့ အတွဲဖြစ်မှာပါ။ အဓိက ကတော့ သင့်ရဲ့သူအပေါ်မှာ ထား ထားတဲ့ မျှော်လင့်ချက်တွေဖြစ်ပါတယ်။ သင်က ချစ်သူထံမှ အကောင်းများများ ကို မျော်လင့်တက်သူဆိုပါက သင်ချစ်သူ နည်းနည်းဆိုးတာကို သည်းခံနိုင်မည်မဟုတ်ပါ။ ကိုယ်ကချုပ်ချယ်တက်ပါက အချုပ်အချယ်ခံရတာကြိုက်တဲ့ မိန်းခလေးမျိုးကိုရွေးရှာသင့်ပါတယ်။ ဒီလိုအတွဲတွေမှာက မိန်းခလေးက ယောက်ျားလေးစကားကိုနားထောင်တက်ပါက နှစ်ဦးသား သာယာနိုင်မှာပါ။ သို့မဟုတ် သင်က သင့်ချစ်သူ ဆိုးတာကို ကောင်းတာနဲ့ ချေတက်တယ်ဆိုပါက သင့်ချစ်သူဆိုးတက်တာကို ခွင့်လွတ်နားလည်ပေးနိုင်မှာပါ။ ဒီလိုအတွဲတွေကတော့ မိန်းခလေးက ပိုမိုလွတ်လပ်ခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အတွဲ တစ်တွဲ နဲ့ တစ်တွဲ အပေးအယူ ကွဲပြားမှု ရှိသော်လည်း ပျော်ရွှင်မှု အတိုင်းအတာ တူညီနိုင်ပါတယ်။ ဒီလိုဆိုတော့ သာသာယာယာနေချင်တယ်ဆိုရင် ကိုယ်နဲ့အပေးအယူတည့်မယ့်လူမျိုးကိုရှာပြီး ချစ်သူအပေါ် ဖြစ်နိုင်တဲ့ မျော်လင့်ချက်များကို သာထားသင့်ပါတယ်။ နောက်အရေးကြီးတာတစ်ခုက အခြားရွေးချယ်စရာများ၏ အရည်အသွေးပါ။ အကယ်၍များ ကိုယ်စိတ်ထဲမှာ တခြားမိန်းခလေးတွေ ရှိတယ် လက်ရှိရည်းစားထက် ပိုသာတယ်ဆိုရင် လက်ရှိရည်းစားကို ဖြတ်ထားခဲ့မှာဖြစ်ပါတယ်။ ဒီလိုဆိုတော့ ယောက်ျားတိုင်းက မော်ဒယ်မလေးတွေ ဆရာဝန်မလေးတွေ တွေ့တာနဲ့ လက်ရှိရည်းစားကိုဖြတ်သွားမယ်လို့မဆိုလိုပါ။ လက်ရှိရည်းစား က ကိုယ်ထင်ထားသလို ကို်ယ်မျှော်လင့်ထားသလို မဖြစ်မှသာ သူ့ထက်ကောင်းတာကိုရွေးသွားမှာပါ။ တစ်ခါတလေမှာ အခြားရွေးချယ်မှုက တစ်ယောက်ထဲနေတာဖြစ်ပါတယ်။ ဥပမာ သင့်ရည်းစားနဲ့ခဏခဏ ပြသာနာတက်နေရင် တစ်ယောက်ထဲ နေရတာကောင်းမယ်လို့ထင်လာမှာပါ။ ဒီလိုပဲ တစ်ယောက်ထဲနေရတာပျော်တဲ့ လူတစ်ယောက်အတွက်ဆို မိန်းခလေးက တော်တော်အရည်အချင်းရှိမှ သူ့ကိုဖမ်းစားနို်င်မှာပါ။ ဒီတော့ ကိုယ်သူ့အပေါ်တန်ဖိုးထားတာတွေ သူကိုယ့်အပေါ်တန်ဖိုးထားတာတွေကို လေ့လာဆွေးနွေးပြီး အချစ်များတိုးပွားလာအောင် အပြန်အလှန်လေးစားတန်ဖိုးထားသင့်ပါတယ်။ နောက်ဆုံး အချစ်ကို ရေရှည်တည်တံ့စေတာကတော့ ရင်းနှီးမြှပ်နှံမှုတွေပဲဖြစ်ပါတယ်။ အရင်းအနှီးကို ပုံစံမျိုးစုံနဲ့ တွေ့ရမှာပါ။ အချိန်၊ အားအင်၊ ငွေ၊ အချစ် စတာတွေပါ။ သီချင်းတွေထဲမှာ ”နင်ယူသွားတဲ့ အချစ်တို့ပြန်ပေး” လို့တောင်ဆိုကြပါတယ်။ အလုပ်စပ်တူလုပ်တာတွေကလည်း အရင်းအနှီး ထည့်ဝင်ထားခြင်းဖြစ်ပါတယ်။ လက်ထပ်လိုက်ခြင်းက တော့အကြီးမားဆုံးသော အရင်းအနှီးပါ။ နိုင်ငံခြားတွေမှာ ဆို ကွာရှင်းပါက စည်းစိမ် တဝက်ပေးရတဲ့အထိပါ အရင်းအနှီးကြီးပါတယ်။ အရင်းများလေလေ အရှုံးများလေလေ ဖြစ်တဲ့ အတွက် အရှုံးမပေါ်အောင် မဖြစ်ဖြစ်တဲ့နည်း နဲ့ ပြေလည်အောင်ကြိုးစားမှပါ။ ဖော်ပြပါအချက် ၃ ချက်က အတွဲတွေက ညား မညား ဆိုတာကို ၆၀% လောက်မှန်အောင်ခန့်မှန်းပေးနိုင်ပါတယ်။ အချို့အတွဲတွေ ပြသာနာတွေရှိပြီး အချစ်စစ်စစ်မဟုတ်ပဲ နဲ့ မိဘက သဘောကျလို့ . သူငယ်ချင်းတွေ သဘောတူလို့နဲ့ယူဖြစ်သွားတာတွေ အများကြီးပါ။ ဒီတော့ နောက်ရည်းစားတွေထားရင် . အမုန်းနဲ့အဆုံးမသပ်ရအောင် လို့ ၁။ ကိုယ်ရည်းစားအပေါ်မှာ ဖြစ်နိုင်တဲ့ မျော်လင့်ချက်များသာထားပါ။ ၂။ သူ့အကြိုက် ကိုယ့်အကြိုက် ပွင့်လင်းစွာ ဆွေးနွေးကြပါ ၃။ ရက်ရက်ရောရော ရင်းနှီး ပေးဆပ်မှုများ ပြုပါ။ မိန်းကလေးတိုင်း တောင့်တပြီး . . . ယောက်ျားလေးတိုင်း အားကျစေဖို့ . . . 

Gentleman Magazine

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
 
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments