Last post

ချစ်တင်းနှီးနှောမှုကို ရှောင်တိမ်းရန် အမျိုးသမီးများသုံးတတ်တဲ့ ဆင်ခြေဆင်လက်များ

တချို့သော အမျိုးသမီးတွေက လိင်ကိစ္စကို ရှောင်လွဲချင်တဲ့အခါ သူတို့ လက်တွဲဖော်တွေကို ချွေးတပြိုက်ပြိုက်နဲ့ ပူအိုက်သယောင်နေပြပြီး သူတို့ တတ်စွမ်းသမျှ လုပ်ဆောင်ကြတယ်လို့ စစ်တမ်းတစ်ခုမှ အခိုင်အမာပြောဆိုတယ်။
လူအများစုက holiday ကို လက်တွဲဖော်ချည်းသက်သက်နဲ့ ပျော်ပါးဖို့ အခွင့်ကောင်းတစ်ခုအဖြစ် ရှုမြင်ကြတယ်။ ဒါပေမယ့် လိင်ကိစ္စ ရှောင်လွဲလိုသူတွေအတွက် ဆင်ခြေဆင်လက် တချို့ရှိကြတယ်။ dating site တစ်ခုအရ စုံတွဲများအတွက် အမျိုးသမီးအများစုက လက်တွဲဖော်နဲ့ ချစ်တင်းနှီးနှောခြင်းမှ ရှောင်ဖယ်ဖို့ အကြောင်းပြချက်တွေ ထုတ်စဉ်းစားကြတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် အမျိုးသမီးများရဲ့ အကြောင်းပြချက် (၅) ခုမှာတော့…
ပူအိုက်လွန်းပါတယ် ချွေးတွေတပြိုက်ပြိုက်နဲ့
ဒီနည်းကို အမျိုးသမီး ၁၉.၄% ကျင့်သုံးပြီး လူသိအများဆုံး ဆင်ခြေဆင်လက်ဖြစ်ပါတယ်။
ငါ ဗိုက်အောင့်နေတယ် အစာအဆိပ်သင့်နေတယ် ထင်တာပဲ
ဒီအချက်မှာတော့ ပေးနေကျအကြောင်းပြချက် တစ်ခုဖြစ်ပြီး အမျိုးသမီး ၁၇.၆% က ကျင့်သုံးပါတယ်။ သို့သော် အစာအဆိပ်သင့်ခြင်းကို အကြောင်းပြုတာ တစ်ညအတွက်လောက်သာ အဆင်ပြေပါ တယ်။ နောက်ထပ် ရောဂါလက္ခဏာတွေ ဟန်မဆောင်တတ်ဘူးဆိုရင်ပေါ့။
အရမ်းသောက်ထားမိလို့ ငါ မူးနောက်နေတယ်
အမျိုးသမီး ၁၆.၃% သုံးစွဲတဲ့ ဥာဏ်နီဥာဏ်နက်တစ်ခုဖြစ်တယ်။ ဒီနည်းက အချိန်မရွေးအသုံးပြုလို့ ရပါတယ်။
မင်း ဘီကီနီနဲ့ ကောင်မလေးတွေ ကြည့်တာ ငါမြင်တယ် မရဘူး
အတုနေဖို့ ရှောင်လွဲဖို့ သိပ်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။ အမျိုးသမီး ၁၃.၂% က ကျင့်သုံးပါတယ်။
ငါ့ တစ်ကိုယ်လုံး နေလောင်ထားတယ်
ဒါကို ၁၁% က ကျင့်သုံးကြတယ်။ အတူမနေချင်သေးလို့ မိန်းကလေးတွေ နေပူထဲ အချိန်အကြာကြီး သွားနေမှာတော့ စိုးရမ်စရာပါ။ ဒီဆင်ခြေက ရောဂါလက္ခဏာ တချို့ပြနိုင်မှ အလုပ်ဖြစ်ပါတယ်။
Ref: TOI

ဖုန်း09798366107
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့ 


ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments