၁။ ပန်းသေ၊ပန်းညှိုးဖြစ်ခြင်း ( နောက်ဆက်တွဲ - နှလုံးရောဂါ)
Erectile Dysfunction ခေါ် ပန်းသေပန်းညှိုးရောဂါဟာ နှလုံးရောဂါရဲ့ ရှေ့ ပြေးလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါထောင်မတ်ဖို့ အတွက် ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ သွေးလည်ပတ်စီးဝင်မှု လိုအပ်ပြီး ပန်းသေ ပန်းညှိုးပြဿနာတွေ ဟာ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေး ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
၂။ ယောင်္ကျားရင်သားထွက်လာခြင်း (Developing Moobs)
ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့  အသည်းရောဂါဖြစ်နိုင်ပါတယ်။ ဖြစ်ရပ်အများစုမှာတော့ ယောင်္ကျား ရင်သားထွက်လာတာဟာ ရင်သားတစ်သျှူးကြောင့် မဟုတ်ဘဲ အဆီတစ်သျှူးကြောင့် ဖြစ်ပါတယ်။ ဘီယာလျှော့သောက်ပြီး ၀ိတ်ချဖို့ လိုအပ်နေပြီလို့  ဆိုလိုပါတယ်။ ဒါပေမယ့် တစ်ချို့ ယောင်္ကျားတွေမှာတော့ ရင်သားတစ်သျှူးကြောင့် ဖြစ်နိုင်ပါတယ်။ အီစထရိုဂျင် (oestrogen) မဟော်မုန်းနဲ့ တတ်စတိုစတီရုန်း (testosterone) အချိုးမညီမျှမှုကြောင့် ဖြစ်ပါတယ်။ အသည်းရောဂါလက္ခဏာ တစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေပျက်စီး လာမှုကြောင့် ဟော်မုန်းညီမျှခြေပြောင်းလဲလာပြီး ကျားရင်သား ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်မှာတော့ လူပျိုဖော်ဝင်ချိန်ဖြစ်တတ်ပေမယ့် လူကြီးဆိုရင်တော့ ဝှေးစေးပုံမှန် အလုပ်မလုပ်ကြောင်း ပြနေတာပါ။
၃။ ညဘက်ဆီးခဏခဏသွားချင်တာ
နောက်ဆက်တွဲ ဆီးကျိတ်ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုတ်ရည်လွှတ်ပေးဖို့ ဖြစ်ပြီး ဆီးကျိတ်ဟာ သစ်ကြားသီးပုံစံရှိပါတယ်။ ဆီးအိမ်ရဲ့အောက်မှာ ရှိပြီး အရွယ်အစားပြောင်းလဲမှုဖြစ်ပေါ် လာပါက ယောင်္ကျားတစ်ယောက်ရဲ့ ကျင်ငယ်စွန့် တဲ့အလေ့အထကို သက်ရေမှုရှိပါတယ်။ မကြာခဏ သေးပေါက်ချင်နေတာ၊ ဆီးမအောင့်နိုင်တာ၊ ဆီးသွားရင်နာကျင်တာနဲ့ ဆီးသွားကြာတာ စတာတွေက ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
၎။ အနံ့ ခံနိုင်စွမ်းမရှိတော့တာနဲ့ လိင်ဆန္ဒနည်းပါးတာ
ဝှေးစေ့က ကျားဟော်မုန်း အလုံအလောက်ထုတ်မပေးနိုင်တာကြောင့်ဖြစ်ပြီး မျိုးအောင်မှုမှာ ပြဿနာ တွေ့ နိုင်ပါတယ်။ လိင်ဆက်ဆံချင်စိတ်လည်း လျော့နည်းလာလေ့ရှိပါတယ်။ အနံ့ ခံနိုင်စွမ်းရည်ချို့ တဲ့တာကလည်း ဝှေးစေ့က ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးလို့ ဆိုလိုပါတယ်။
၅။ ဝှေးစေ့မှာ အဖုအကျိတ်ဖြစ်တာ
ဝှေးစေ့ကင်ဆာဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ကင်ဆာအန္တရာယ်မရှိတဲ့ benign condition (အကျိတ်မပြန့် နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။) ကုသမှုမလိုပါဘူး။ ဒါပေမယ့် ဝှေးစေ့ကင်ဆာကြောင့် လည်းဖြစ်နိုင်ပါပြီး ဒီကင်ဆာဟာ အသက်ရှင်နိုင်မှုအများဆုံးဖြစ်တာကြောင့် ဆရာဝန်ကို ပြသင့်ပါတယ်။
Ref:dailymail
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
ပန်းရောင်ဗိုင်ရာဂရာအကြောင်း
သင်ကြားပြီးလောက်ပြီပေါ့။ Filbanserin လို့ အမည်ရတဲ့ ဒီဆေးဟာ
အမျိုးသမီးတွေရဲ့ လိင်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး
အမေရိကန်စားသောက်ကုန်နှင့်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့  က နှစ်ကြိမ်တိုင်တိုင်
ပယ်ချပြီးနောက် သြဂတ်စ် ၁၈ ရက်မှာ တရားဝင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၄၄ နှစ်အရွယ် အမျိုးသမီး ၁၁ ရာခိုင်နှုန်းနီးပါးဟာ
စိတ်အနှောင့်အယှက်ဖြစ်စရာ လိင်ဆက်ဆံမှုပိုင်းပြဿနာတွေ ကြုံတွေ့ နေရတယ်လို
့ဆိုပါတယ်။
အမျိုးသမီးရဲ့ လိင်စိတ်ကုန်ခန်းမှု၊ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာအပြုအမူ
တစ်ခုခုကို စိတ်ဝင်စားမှုလျော့နည်းခြင်း၊ သာယာမှု မရှိခြင်း၊
စိတ်နိုးကြွမှုမရှိခြင်းတို့ ဟာ ခြောက်လထက် ပိုမိုကြာမြင့်နေမယ်ဆိုရင်
Filbanserin ဆေးက ကုသမှု ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးက မထိရောက်သလို၊
လိင်စိတ်ကုန်ခန်းမှုကလည်း ဆက်လက်ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေထဲက
တစ်ချက်က သင့်ရောဂါရဲ့အရင်းအမြစ်လားဆိုတာ ဆရာဝန်နဲ
့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
၁။ သန္ဓေတားဆေး
လိင်ဆက်ဆံလိုစိတ်ကို testosterone လို မဟော်မုန်းက တစ်စိတ်တစ်ပိုင်း
ထိန်းချုပ်ထားပါတယ်။ တစ်ခါတစ်လေမှာ သားဆက်ခြားနည်းတွေက testosterone
ထုတ်လုပ်မှုပမာဏကို လျော့နည်းစေပြီး လိင်ဆက်ဆံလိုစိတ် ကိုပါ
လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီသက်ရောက်မှုဟာ အမျိုးသမီးငယ်တွေထက်
သွေးဆုံးခါနီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအချက်ကြောင့်ဆိုရင်တော့
သန္ဓေတားတဲ့နည်းလမ်းကို ပြောင်းသုံးကြည့်ပါ။ ဥပမာ စအိုက ထည့်ရတဲ့ IUD ခေါ်
သန္ဓေတားပစ္စည်း ဒါမှမဟုတ် ဖော်စပ်ထုတ်လုပ်ပုံ မတူညီတဲ့ သန္ဓေတားဆေးကို
ပြောင်းသုံးကြည့်ပါ။
၂။ သင့်ရဲ့စိတ်အခြေအနေ
စိတ်ဓာတ်ကျမှုကနေ ဖြစ်နိုင်သလို စိတ်ကြွဆေးတွေ မှီဝဲတာကလည်း
သင့်ရဲ့လိင်ဆက်ဆံလိုစိတ်ကို ကုန်ဆုံးစေပါတယ်။
ပြင်းပြင်းထန်ထန်စိတ်ဓာတ်ကျတာကပဲ လိင်စိတ်ကုန်ခန်းစေတာ မဟုတ်ဘဲ နေ့ စဉ်ကြုံ
တွေ့ နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း လိင်စိတ်လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှု
များလာပြီဆိုရင် စိတ်နှိုးဆွတဲ့ ဟော်မုန်း cortisol နဲ့ adrenaline တို
့ထွက်ရှိလာပြီး သင့်ရဲ့ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာတုံ့ ပြန်မှုစနစ်တွေကို
ထိခိုက်စေပါတယ်။ ဒီအဖြစ်ကိုတော့ အိပ်စက်ခြင်းက ကူညီပေးနိုင်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် တစ်နာရီလောက် ပိုအိပ်ပေးလိုက်ရင် လိင်ဆက်ဆံမှု ၁၄
ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
၃။ သင့်ရဲ့ အတွေးအခေါ်
မိန်းကလေးတော်တော်များများဟာ တစ်ပတ်ကို လိင်ဆက်ဆံမှု ဘယ်နှစ်ခါပြုရမယ် စတဲ့
ပြတ်သားတဲ့ ခံယူချက်တွေရှိပါတယ်။ တကယ်လို့ ဒီအရေအတွက်ထက် များသွားရင်
နည်းသွားရင် စိတ်ပူပန်မှုဖြစ်တတ် ကြပါတယ်။ စိတ်ပူပန်မှုဆိုတာ
စိတ်နိုးကြွမှုနဲ့ ဆန့် ကျင်ဘက်အရာပါပဲ။ သင့်ရဲ့ စိတ်ဆန္ဒကို
အတင်းထိန်းချုပ် တာမျိုးက သင့်ရဲ့လိင်ဆန္ဒကို ဟန့် တားစေနိုင်ပါတယ်။
၎။ သင့်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးအခြေအနေ
သက်တမ်းရှည်ကြာတဲ့အချစ်ရေးတစ်ခုမှာ တစ်ခါတစ်လေ သင်ဆန္ဒမပါတာမျိုးကို ကြုံတွေ
့ရနိုင်ပါတယ်။ ပထမဦးဆုံးအကြိမ် အတူနေတုန်းက ဦးနှောက်ကနေ
စိတ်သာယာမှုပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပြီး ကာမဆန္ဒ တပ်မက်မှုကလည်း
မြင့်တက်လာပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ဆန္ဒကင်းမဲ့သလို ဖြစ်လာပါတယ်။
ပထမဦးဆုံးအကြိမ်က ခံစားမှုမျိုးကို ပြန်တွေးကြည့်ပါ။ သင်တို့ ရဲ့
အချစ်ရေးက ပျက်စီးသွားတာမဟုတ်ဘဲ ဒါဟာ သိပ္ပွံနည်းကျအချက်တစ်ချက်သာ
ဖြစ်ပါတယ်။
Ref: cosmopolitan
Copy the BEST Traders and Make Money (One Click) : http://ow.ly/KNICZ

0 Comments