သြဂုတ်လ ၁၈ ရက်နေ့ သတင်းအရ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော မိသားစု
အတော်များများတွင် နေထိုင်မှုဘဝခက်ခဲခြင်း ၊ လူ့အဖွဲ့အစည်းတွင်
အပျိုစင်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည် ဟူသော အယူသည်းမှုကြောင့်
အချို့ မိဘများသည် သမီးငယ်လေးများ၏ အပျိုစင်အား ရောင်းစားခြင်းဖြင့်
အကျိုးအမြတ်များ ရရှိသောကြောင့် အမျိုးသမီးငယ်အများအပြားမှာ
ဆောင်ကြာမြိုင်သို့ ရောက်ရှိ နေကြရပြီး ပြည့်တန်ဆာအလုပ်အား
ပြုလုပ်နေကြရသည်ဟု သိရှိရသည်။
ဟောင်ကောင်နိုင်ငံ (အရှေ့တိုင်းနေ့စဉ်သတင်း)ဝက်ဆိုဒ် မှ သြဂုတ်လ ၁၈ ရက်နေ့
သတင်းအရ BBC သတင်းထောက်သည် မြန်မာနိုင်ငံ ရန်ကုန်သို့ သွားရောက်၍
ဝတ်ရည်(အမည်ပြောင်း)ဟု ခေါ်ဆိုသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအား
မေးမြန်းခဲ့ရာ ဖခင်ဖြစ်သူမှ နောက်မိန်းမ ယူပြီးနောက် ၄င်းအားပြည့်တန်ဆာ
လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟုသိရှိရသည်။
အကြွေးများဆပ်ရန်နှင့် သူမမောင်လေးများ၏ကျောင်းစရိတ်များပေးရန်
အတွက်၎င်း၏မိထွေးမှ ၄င်းအား လွန်ခဲ့သောနှစ်နှစ်ကဟောင်ကောင်ယွမ်၂
သိန်း၃သောင်း(အမေရိကန်ဒေါ်လာ ၃သောင်း၂ရာ)
ခန့်ဖြင့်သူမ၏အပျိုစင်ဘဝအားကုန်သည်တစ်ဦးထံ ရောင်းစားခဲ့သည်။
ဝတ်ရည်သည် သူမ၏မိခင်မှသူမအား ရောင်းစားခဲ့သည်ဟု သိရှိပြီးနောက် တစ်ညလုံး
ငိုကြွေးခဲ့ရသည်ဟုဆိုသည် ။ အဆိုပါမိခင်သည် ဝတ်ရည်နာကျင်မည် စိုးသောကြောင့်
ပိုက်ဆံကုန်ခံကာ ထောက်ထားညှာတာသောအားဖြင့် သူမအား ထုံဆေးထိုးခြင်းအား ပြု
လုပ်စေခဲ့သည်။
နောက်တစ်နေ့ ဝတ်ရည်မှာ ထိုကုန်သည် ယောကျာ်းလေးအား တစ်နေကုန်
အဖော်ပြုပေးရပြီနောက် အပျိုစင်ဘ၀ ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင်
ဝတ်ရည်မှာ ဆောင်ကြာမြိုင်တွင် အလုပ်လုပ်၍ နှစ်လကြာပြီးနောက်တွင်
လမ်းပေါ်တွင် ပြည့်တန်ဆာ အလုပ်အား လုပ်ခဲ့သည်။
အမျိုးသမီးများ၏ ထုတ်ဖော် ပြောကြား ချက်များအရ အမျိုးသမီးငယ်များကို
ကုန်ကူးရောင်းချရခြင်း ပြည့်တန်ဆာလုပ်စေရခြင်း၏ အစမှာဆင်းရဲနွမ်းပါး
ခြင်းကြောင့်ဖြစ်ပြီး လူအတော်များများ၏ အပျိုစင်ဘ၀သည်ကျန်းမာရေးအတွက်
အကျိုးရှိပြီး AIDSရောဂါအားလည်း ကုသပေးနိုင်သည်ဟု အယူသည်းမှုများကြောင့်လည်း
အပျိုစင်မိန်းကလေးများမှာ ဈေးကောင်းရ၍ဈေးကွက်
ရှိလာခြင်းဖြစ်သည်ဟုပြောကြားခဲ့သည် ။
ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရ၏ ယခင်နှစ်၏ ခန့်မှန်းချက်အရ ၄င်းဒေသ၌်
၎သောင်းမှ၈သောင်းဝန်းကျင်ခန့်မှာအသက်၁၅ နှစ်မှ ၄၉ နှစ်အရွယ်
ပြည့်တန်ဆာမများ ဖြစ်ကြသည်ဟုသိရှိရသည်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
china.com Myanmar
0 Comments