Q 1: အရက်မူးပြီး အနှိပ်ခန်းသွားပါတယ်။ ပြီးတော့ လက်မဆေးမိပဲ နာရီဝက်၊ ၁
နာရီလောက်မှာ ပါးစပ်ထဲ လက်နှိုက် အန်မိပါတယ်။ သွားတချောင်း လွန်ခဲ့တဲ့ ၁
နှစ်ခွဲ လောက်က နှုတ်ဘူးပါတယ်။ HIV ကူးနိုင်ခြေ ရှိမရှိ နဲ့။ HIV ကို ဘယ်လို
စစ်လို့ ရပါသလဲ။ ဘယ်လောက်ကြာမှ စစ်လို့ ရမှာလဲ။ စစ်လို့ရတဲ့ နည်း ၂
နည်းရှိတယ်လို့ ကြားဘူးပါတယ်။ Anti body ဒါမှမဟုတ် Nucleaus (ပိုး) ကို
စစ်တယ်လို့ ကြားဘူးပါတယ်။ ဘယ်ဟာက ပိုကောင်းပြီး တိကျပါသလဲ။ ပို
အချိန်စောစော သိရပါသလဲ။
Tue 3/29/2011 7:18 PM
Q
2: Spot test သွေးစစ်နည်းက မြန်တယ်ဆိုရင် သူ့ထက်ပိုကြာမှ သိရတဲ့ Elisa
နည်းက ပိုတိကျတယ်လို့ သတ်မှတ်နိုင်မလား။ အထက်ပါ နည်းတွေက 99.6% အထိ
မှန်ကန်တယ်လို့ စာအုပ်မှာ မှတ်သားဖူးတယ်။ ဟုတ်ပါသလား။ အတူနေဖက်
အမျိုးသမီးကို Elisa နဲ့ စစ်တော့ Postive လို့ ပြောပါတယ်။ အမျိုးသားက
မရှိပါတဲ့ ဘယ်လောက်ထိ မှန်ကန်နိုင်လဲ။ ပြီးတော့ နောက်ထပ် သုံးလ ချိန်းပြီး
ပြန်လာစစ်ခိုင်းပါတယ်။ သေချာအောင် ထပ်စစ်တာပဲဆိုရင် နောက်တနေ့ ပြန်စစ်လို့
ရတယ် မဟုတ်လား။ ဘာလို့ သုံးလ ချိန်းတာပါလဲ။
လူထဲကို
ပိုးတမျိုးမျိုး ဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ ဆိုင်ရာ ဆိုင်ရာ
Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ
အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ
စစ်ဆေးတာ ဖြစ်ပါတယ်။
HIV antibody test (အင်တီဘော်ဒီ) စမ်းသပ်နည်းဟာ
လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်း
ဖြစ်တယ်။ ဈေးလဲ မကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked
Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ
ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။
ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
1.
ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ
ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာ ပြမယ်။ တကယ်တော့ ဒီကလေးမှာ
ပိုးရှိနေတာတော့ မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ
လုပ်ပါတယ်။
2. HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။
HIV
ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့
(အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှ တွေ့တာ ရှားတယ်။ ဒိထက်
ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့
မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလ ခေါ်တယ်။
ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာ စမ်းတာ
သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်-ဆက်ဆံနည်းကနေ
ပိုး မဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။
ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။
သတိကြီးဘို့
လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။
Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ
၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid
Testing) နည်းက ၁၂ ရက်ကြာတယ်။ Window period မှာ Antiretroviral therapy
(ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့
ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။
ELISA test က တိကျလို့ မှားပြီး
အပေါင်းပြတာ မရှိသလောက် ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို
Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay
စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါ လုပ်မယ်။
ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ
ပိုးရှိနေပြီ။
Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့
သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ
ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV
ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း
P24 တွေ များများလာမယ်။ သွေးကို စစ်ရင် တွေ့မယ်။ ရောဂါ ရလာချိန်မှာတော့
သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊
စတုတ္ထ-မျိုးဆက် စမ်းသပ်နည်း အနေနဲ့သာ သုံးတယ်။ Fourth generation tests
ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။
ပိုတိကျတယ်။
PCR (Polymerase Chain Reaction) test ဆိုတာ HIV
ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ
စမ်းလို့ ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid
amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို
PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က
မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့ မစစ်ပါ။ ချမ်းသာ-တိုးတက်တဲ့
နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။
• Rapid HIV
tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။
သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို
Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို
စစ်တာ ဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင်
သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း
သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home
sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်း ပို့နိုင်တယ်။ ရက်
သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင်
လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့
ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ် ထားတယ်။
• Home Access Express
HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ်
၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ)
သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့
HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့
Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ်
ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2
နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်)
ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။
HIV
Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှု ကင်းတယ်လို့ ချင်ချင်း ပြောမရသေးပါ။
၂-၆ ပါတ်ကြာမှာ တွေ့လာ နိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ
တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့ လိုလာမယ်။ ဆေးဆိုတာက
ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကို ထိန်းဘို့ဖြစ်တယ်။
ပိုးရှိနေပေမဲ့ Safer sex စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။
ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလဲ အသိပေးသင့်တယ်။
အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါ အကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊
ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။
CD4 T-cell count စစ်ဆေးနည်းဟာ HIV
ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system
ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ
တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts
နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊
ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊
(ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစား လုပ်တာ လွန်ကဲတာ၊
ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်း ဖိစီးမှုများတာ နဲ့ အထီးကျန်
နေရတာတွေကြောင့်လဲ များနိုင်တယ်။
CD4 counts ပုံမှန်ဆိုရင် 500 ကနေ
1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျ ပြောရရင် အမျိုးသမီးတွေက
ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက်
နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူ ကူးစက်တာ
တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင် သတ်မှတ်ပါတယ်။
Dr. တင့်ဆွေ
0 Comments