အမျိုးသမီးငယ် အများစု သည် ညစ်ညမ်းဇာတ်ကားများကို ပိုကြည့်တတ်ကြောင်း သုတေသန စစ်တမ်း တစ်ရပ်က ထုတ်ဖော် ပြောကြားလိုက်သည်။
ကမ္ဘာ့အကြီးစား ညစ်ညမ်း ဆိုက်သုံးစွဲသူများတွင်လေးယောက် ၌ တစ်ယောက်မှာ အမျိုးသမီးများ ဖြစ်နေသည်ကို တွေ့ရှိရပြီး အများ စုမှာ အသက် ၃၅ နှစ်အောက် ဖြစ်ကြောင်း ယင်းသုတေသနအရ သိရသည်။ ထို့ပြင် ညစ်ညမ်းဆိုက် များတွင် ဇာတ်ကားများ ကြည့်ရှုကြ သူများ၏ ၂၄ ရာခိုင်နှုန်း မှာ အဆို ပါအမျိုးသမီးတို့၏ အကောင့်များ ဖြစ်နေကြပြီး ကြည့်ရှုသူပေါင်း ၇၈ သန်းအထိရှိသည်ဟု ဆိုသည်။
ထိုသို့ ဖြစ်လာမှု၏ အခြေခံ အကြောင်းရင်း အစိတ်အပိုင်း တစ်ခုမှာ
စမတ်ဖုန်းများ ရေပန်း စားလာခြင်းကြောင့် ဖြစ်ပြီး အမျိုး သမီးငယ်များသည်
၎င်းတို့၏ မို ဘိုင်းဖုန်းများကို အသုံးပြု၍ ချိတ် ဆက်ကြည့်ရှုကြသည်ဟု
ဆိုသည်။ သုတေသနစစ်တမ်း၏ အဆိုအရ စမတ်ဖုန်းများဖြင့် ညစ်ညမ်းဇာတ် ကားများ
ကြည့်ရှုကြသူများမှာ ၆ဝ ရာခိုင်နှုန်း ရှိပြီး တက်ဘလက်နှင့်
ကြည့်ရှုကြသူများမှာ ၇ ရာခိုင်နှုန်း၊ ကွန်ပျူတာဖြင့် ကြည့်ရှုကြသူ များမှာ ၃၃
ရာခိုင်နှုန်း အသီးသီး ရှိကြသည်ဟု သိရသည်။
ထို့ပြင် အမျိုးသမီးငယ်များ ညစ်ညမ်းဇာတ်ကားများ ကြည့်ရှု လာကြမှုကို 50Shades of Grey ဇာတ်ကားကလည်း အတည်ပြုပေး နိုင်ခဲ့ပြန်သည်။ ဒါရိုက်တာ E.L. James ရိုက်ကူးသည့်သုံးပိုင်းတွဲ ညစ် ညမ်းဇာတ်ကားများဖြစ်သည့်ယင်း50 Shades of Grey ကို ကမ္ဘာအနှံ့ ချပ်ရေ ၁၂၅ သန်းကျော် ရောင်းချ ခဲ့ရခြင်းက အဆိုပါ အချက်ကို ထောက်ပြနေသကဲ့သို့ ရှိသည်ဟု ဆိုသည်။
ကောက်ယူထားသည့် အချက် အလက်များအရ တနင်္လာနေ့သည် အမျိုးသမီးများအဖို့ ''အရွယ်ရောက် ပြီးသူများသာ ကြည့်ရန်'' ဟူသည့် ဇာတ်ကားများကို အကြည့်များ သည့် နေ့ဖြစ်သလို စနေနေ့သည် လည်း ၄င်းတို့ကြိုက်သည့် နေ့ တစ်နေ့တည်းတွင် ပါဝင်နေပြန် သည်ဟုဆိုသည်။ များသောအား ဖြင့် ည ၁၁ နာရီ နောက်ပိုင်းတွင် ကြည့်တတ်ကြပြီး ကြာချိန်မှာ ၁ဝ မိနစ်ခန့်သာ ရှိသည်ဟု ဆိုသည်။
စစ်တမ်းများမှ တွေ့ရှိရသည့် အချက်တစ်ချက်အရ အဆိုတော် ကန်းယီးဝပ်စ်၏ ဇနီးဖြစ်သူ ကင် ကာဒါရှန်မှာမူ ရှာဖွေခံရမှု အများ ဆုံး မင်းသမီးတစ်ဦးဖြစ်သည်ဟု သိရသည်။ သူမ၏ အပျော်တမ်း ရိုက်ကူးထားသညSex Tape ဗီဒီ ယိုမှာ ရှာဖွေကြည့်ရှုမှု အကြိမ် ပေါင်း ၉၃ သန်းရှိပြီး ဆိုက်၏ အထင်ရှားဆုံး အဖြစ် ထင်ကျန်ရစ် သည်ဟု ဆိုသည်။
ထို့အပြင် ဥရောပ တစ်ခွင် တွင် ဗြိတိန်နိုင်ငံသားများသည် အဆိုပါ ဆိုက်များ အသုံးပြုရာ၌ လူဦးရေ တစ်သန်းကျော် ပါဝင် နေပြီး ထိုအထဲတွင် သုံးဦးလျှင် တစ်ဦးမှာ အမျိုးသမီးများ ဖြစ်နေသည်မှာလည်း ပြဿနာတစ်ရပ် ဖြစ်၍နေသည်ဟု ဆိုထားသည်။
Ref: Daily Mail

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments