အမျိုးသမီးအများစုဟာ
သူတို့ခန္ဓာကိုယ်အချိုးအစား အထူးသဖြင့် ရင်သား၊ တင်ပါး၊ အခြားသော
မျက်နှာအစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု
မရှိတတ်ကြပါဘူး။ ဘယ်နေရာကို မကြိုက်လို့ ပြင်ချင်တယ်၊ ဘယ်ဟာလေးကိုဖြင့်
ပိုပြည့်အောင်လုပ်ချင်တယ် စတဲ့ ပူပင်မှု၊ အလိုမကျမှုတွေနဲ့ နေ့စဉ်ဘ၀တွေကို
ဖြတ်သန်းနေကြရပါတယ်။ နိုင်ငံတကာက ခွဲစိတ်ပြုပြင်ထားတဲ့ အမျိုးသမီးတွေ၊
အနုပညာရှင်တွေကို ကြည့်ပြီး ခွဲစိတ်ပြုပြင်ချင်တတ်ကြသလို တစ်ဖက်ကလည်း
ငွေကြေးမတတ်နိုင်တာကြောင့် အလှအပအတွက် တတ်နိုင်တဲ့နည်းတွေနဲ့
ကြိုးစားလုပ်ဆောင်လာကြပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေ အနေနဲ့ သူတို့ခန္ဓာကိုယ်မှာ သဘောအကျဆုံးအပိုင်းရယ်ဆိုပြီးတော့လည်း ရှိနေပါသေးတယ်။ သဘောအကျဆုံးဆိုတာထက် တင်းတိမ်ရောင့်ရဲနိုင်ဆုံးလို့ ပြောရမယ် ထင်ပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ပေါင်ပါ။ အသက်အရွယ်အလိုက် စစ်တမ်းကောက်ချက်မှာလည်း အမျိုးသမီးတွေဟာ အခြားသော ရင်သား၊ တင်ပါး၊ ခါးနဲ့ ခြေသလုံးစတာတွေကို သဘောမကျဘူးလို့ ဆိုကြပေမယ့် သူတို့ရဲ့ပေါင်နဲ့ပတ်သက်ပြီး မလုံမခြုံဖြစ်ရတာ၊ သဘောမကျဖြစ်ရတာ မရှိသလောက်ပဲလို့ အများစုက ဖွင့်ဟထားတယ်လို့ Cosmopolitan ရဲ့ စစ်တမ်းအရသိရပါတယ်။
အမျိုးသမီးတွေရဲ့ ဖွင့်ဟချက်အရ ပေါင်ဟာ သူတို့အကြိုက်ဆုံးအစိတ်အပိုင်း မဟုတ်ရင်တောင် ပေါင်နဲ့ပတ်သက်ရင်တော့ အထွေအထူးပြောနေစရာမလိုအောင် အဆင်ပြေကြပါတယ်တဲ့။ ပေါင်ဟာ ဆက်စီလည်းဖြစ်သလို ခန္ဒာကိုယ်အတွက်လည်း အထောက်အကူပြုတယ်လို့ ဆိုထားတဲ့သူတွေ ရှိသလို ကျန်းမာသန်စွမ်းတဲ့အပိုင်းအနေနဲ့လည်း သူ့ကို ထည့်သွင်းပြောကြားထားကြပါသေးတယ်။
ကဲ သင့်သဘောအကျဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းကရော ဘာများဖြစ်လိမ့်မလဲ။
Ref:cosmopolitan

အန္တရာယ်ကင်းဘေးရှင်းဖို့
sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ
0 Comments