အတည်ပြုရန်ရှိနေသည့် အမျိုးသမီးများအား လိင်မှုဆိုင်ရာနှင့်
အခြားအကြမ်းဖက်မှုများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းတွင်
မကြာခဏအဖြစ်များသည့် ဈေးဝယ်စင်တာများရှိ အ၀တ်လဲခန်းများ၌ လျှို့ဝှက်
ကင်မရာများတပ်ဆင်မှုကို အရေးယူနိုင်သည့်
ထောင်ဒဏ်သတ်မှတ်ချက်ထည့်သွင်းထားကြောင်း သတင်းရရှိသည်။
အမျိုးသမီး၏ လိင်အင်္ဂါ၊ တင်ပါး၊ ရင်သား စသည့် အစိတ် အပိုင်းတစ်ခုခုကို
လှစ်ဖော်နေ ခြင်း (သို့မဟုတ်) အတွင်းခံကိုသာဝတ်ဆင်ထားခြင်း (သို့မဟုတ်)
အိမ်သာအသုံးပြုနေခြင်း (သို့မဟုတ်) အမျိုးသမီးတစ်ဦးက လုံခြုံမှုရှိမည်ဟု
ယူဆသည့်နေရာတွင် လိင်ပိုင်းဆိုင်ရာပြုမှုတစ်ရပ်ရပ်ကို ကြည့်ရှုခြင်း၊
ဗီဒီယိုရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းရှိပါက ထောင်ဒဏ်အနည်းဆုံး ၂
နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု ထည့်သွင်းထားသည်။
‘‘အ၀တ်စားလဲခန်းတွေမှာ ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို
အွန်လိုင်းမှာဖြန့်တဲ့ကိစ္စတွေက မြန်မာနိုင်ငံမှာ အဖြစ်များလို့
အရေးယူနိုင်အောင် နိုင်ငံတကာစံနှုန်းနဲ့ ချိန်ကိုက်ပြီး ဒီပြစ်ဒဏ်ကို
ထည့်ထားတာပါ’’ဟု ဖန်တီးအိမ်မှ ကျား၊ မ တန်းတူညီရေး ဆောင်ရွက်နေသူ
ဒေါ်စိန်စိန်ရွှေ လတ်က ပြောသည်။
ဖွင့်လှစ်ထားသော အမျိုး သမီးလိင်အင်္ဂါအစိတ်အပိုင်းတစ် ခုခုကို
ကာယကံရှင်အမျိုးသမီး၏ ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးထားသည့် ဓာတ်ပုံများ၊
ဗီဒီယိုများဖော်ပြမိပါက အဆိုပါပြစ်ဒဏ်သတ်မှတ်ချက်ဖြင့် ထပ်မံအရေးယူနိုင်
ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြ ထားသည်။
သုံးနှစ်ကြာရေးဆွဲခဲ့သော အမျိုးသမီးများအား လိင်မှုဆိုင်ရာနှင့်
အခြားအကြမ်းဖက်မှုများ ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းသည် ယခုနှစ်တွင်
ပြီးစီးခဲ့ပြီး ပထမဆုံးအကြိမ် လူထုအသိပေးထုတ်ပြန်ကြေညာပွဲကို ဇူလိုင် ၁၆
ရက်က နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဥပဒေရေးဆွဲရေးတွင် လိုအပ်သော အချက်အလက်များရရှိ ရေးအတွက်
တစ်နိုင်ငံလုံး၌ ကြုံတွေ့နေရသည့် အမျိုးသမီးအကြမ်းဖက်မှုများကို ဂျန်ဒါနက်ခ်
ဝါ့ခ်နှင့် ပူးပေါင်းရေးဆွဲခဲ့သည်ဟု သတင်းရရှိသည်။
အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတ ကာအမျိုးသမီးကာကွယ်ရေးဥပဒေ၊
ယခုလက်ရှိကျင့်သုံးနေသော တရားမမှုများနှင့် နိုင်ငံတကာလူ့
အခွင့်အရေးဆိုင်ရာမူဘောင်များအား လေ့လာရေးဆွဲခဲ့သည်ဟု သတင်းရရှိသည်။
အမျိုးသမီးများ လိင်မှုဆိုင် ရာ အကြမ်းဖက်မှုသည် ယခုနှစ်
နောက်ပိုင်းမြင့်တက်လာပြီး ၂၀၁၁ တွင် ၆၀၅ မှုဖြစ်ပွားခဲ့ရာမှ ၂၀၁၂ တွင် ၆၅၄
မှုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားသည့် လိင်မှုဆိုင်ရာအကြမ်းဖက်မှုအနက်
ကလေးသူငယ်များလည်း အကြမ်းဖက်ခံရပြီး ၂၅ နာရီလျှင် ကလေးငယ်တစ်ဦးနှုန်း
အဓမ္မပြုကျင့်ခံရနေသည်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments