နွေရာသီ ရဲ့ ရှည်ကြာလွန်းတဲ့နေ့ အချိန်တွေနဲ့ ပူပြင်းမှုတွေဟာ ကဗျာ
ဆန်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နွေရာသီဟာ ဇနီးမောင်နှံတွေအတွက် ကလေးယူ
ဖို့ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက
ယုံကြည်လိုက်ကြပါတယ်။
သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့
အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ နွေရာသီ လ တွေမှာ ပိုပြီး
လှုပ်ရှားနိုင်ကြတယ်ဆိုတာပါပဲ။ ဒါဟာ Testosterone လိုမျိုး ဟော်မုန်း ပမာဏ
ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်နေတယ်လို့တော့ သုတေသီတွေက ဆွေးနွေးထားကြပါတယ်။
ဇနီးမောင်နှံ
၆ တွဲမှာ ၊ တစ်တွဲ လောက်က မျိုးမအောင်တဲ့ ပြသနာ ကို ရင်ဆိုင်နေရပါတယ်။
ဒါဟာ အမျိုးသားတွေရဲ့ မျိုးမအောင်မှုမှာ အများဆုံး တာဝန်ရှိနေပြီး မျိုးပွား
ဖြစ်စဉ်ကို အောင်မြင်အောင်မစွမ်းဆောင်နိုင်တာဟာလည်း အမျိုးသားတွေရဲ့
သုတ်ပိုး လှုပ်ရှားနိုင်မှု (Motality) အားနည်းနေလို့ ဖြစ်ပါတယ်။
သန္ဓေအောင်ဖို့အတွက်
မျိုးဥ နဲ့ မပေါင်းစပ်ခင်မှာ သုတ်ပိုးတွေဟာ သားအိမ် ၊ သားအိမ် ပြွန် ၊
သားအိမ်ခေါင်းတို့ ကို ဖြတ်သန်းလာရပါတယ်။ အဲဒီလို ဖြတ်သန်းတဲ့ အချိန်မှာ
လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းကို သုတ်ပိုးလှုပ်ရှားနိုင်မှု (Motality)လို့
ခေါ်တာဖြစ်ပါတယ်။ သုတ်ပိုးလှုပ်ရှားနိုင်မှု အားနည်းလာခြင်းဟာ သုတ်ပိုးကို
မျိုးဥ ဆီ ရောက်နိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။
အမျိုးသားတွေဟာ
သုတ်ပိုးရဲ့ ၄၀ ရာခိုင်နှုန်း ခန့် လှုပ်ရှားနိုင်ရုံနဲ့
သန္ဓေအောင်နိုင်ပါတယ်။ အီတလီနိုင်ငံ ပါးမား တက္ကသိုလ် ဆေးရုံ က ဆရာဝန်တွေဟာ
အမျိုးသား ပေါင်း ၅၁၈၈ ယောက်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။
သူတို့တွေတွေ့ရှိခဲ့ကြတာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု (
motality ) ဟာ နွေရာသီမှာ အားကောင်းပြီး မိုးရာသီ မှာ အားနည်းတတ်ပေမယ့်
မိုးရာသီမှာတော့ သုတ်ပိုး ပမာဏ ကို များပြားစေနိုင်ပါတယ်။
Credit: ThitHtooLwin
0 Comments