Last post

ကာမစိတ် အထွဋ်အထိပ် ရောက်တာကို သဘောကျတယ်လို့ ဆိုတဲ့ Nicki Minaj

ကမ္ဘာ့နံပါတ် ၁ အမျိုးသမီး ရပ်အဆိုတော် Nicki Minaj ဟာ Cosmopolitan သတင်းဌာနရဲ့ ဇူလိုင်လထုတ် မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင်လာပါတယ်။
သူမဟာ Cosmopolitan မဂ္ဂဇင်းအတွက် ဓါတ်ပုံ ၂ ပုံ ရိုက်ကူးပေးခဲ့ပြီး တစ်ပုံကတော့ အမေရိကန်အလံရဲ့ အရောင်တွေ နဲ့ ချုပ်လုပ်ထားတဲ့ Bikini ၀တ်စုံကို ၀တ်ဆင်ပြီး အမေရိကန် အလံ ရှေ့မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ ကာဗာ အတွက် ဓါတ်ပုံကတော့ အ၀ါရောင် Sexy ၀တ်စုံ ကို ၀တ်ဆင်ပြီး ရေချိုးကန်ထဲမှာ ရေစိမ်နေတဲ့ပုံပါ။
Cosmopolitan ဆိရင်တော့ ချစ်တင်းနှီးနှောတဲ့ အကြောင်းလေးတော့ ပါလိုက်မှ ဖြစ်မှာပါ။ မဟုတ်ရင် Cosmo ရာဇ၀င် ရိုင်းသွားမှာပါ။ ဒီတစ်ခါ မှာတော့ Nicki Minaj က သူ စိတ်ဝင်စားတဲ့ ယောကျာင်္း တွေနဲ့ ချစ်တင်းနှီးနှောပုံတွေ အကြောင်း တွေကို ပြောပြခဲ့ပါတယ်။
ကျွန်မက ကာမစိတ် အထွဋ်အထိပ် ရောက်တာကို သဘောကျပါတယ်။ အမျိုးသမီးတိုင်းလည်း သဘောကျသင့်ပါတယ်။ ကျွန်မမှာ သူငယ်ချင်း တစ်ယောက် ရှိခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဘ၀ မှာ တစ်ခါမှာ ချစ်တင်းနှီးနှောပြီး အာသာမပြေ(မပြီးမြောက်) ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ အကြောင်းအရာက ကျွန်မ ရဲ့ နှလုံးသားကို နာကျင်စေပါတယ်” လို့ Nicki Minaj ကဆိုပါတယ်။
လက်ရှိမှာ အနုပညာကြေး အမြင့်ဆုံးဖြစ်နေတဲ့ အသက် ၃၂ နှစ်အရွယ် Nicki Minaj ဟာ နောက် ၁၀ နှစ်မှာ ဖြစ်လာမယ့် သူမရဲ့ အနာဂတ်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။
အခုကစပြီးနောက် ၁၀ နှစ်မှာ ကျွန်မမှာ ကလေး ၂ယောက်ရှိပါလိမ့်မယ်။ ကျွန်မ ယောကျာင်္းက ၃ ယောက် လိုချင်ရင်လည်း တစ်မျိုးပေါ့နော်။ ကျွန်မဟာ ကလေးတွေ အတွက် ချက်ပြုတ်ပေးမယ်။ သူတို့ တွေ အရွယ်ရောက်လာတာ ကိုကြည့်မယ်။ ကျွန်မ မိခင်တစ်ယောက် ဖြစ်ချင်ပါတယ်။ ကလေးတွေကို ကျောင်းလိုက်ပို့မယ်။ သူတို့ရဲ့ အိမ်စာတွေကို ကူလုပ်ပေးချင်ပါတယ်” လို့ Nicki Minaj က ဆိုထားပါတယ်။
Ref:starpulse

အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့ 

ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ


0 Comments