ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် (၄)ကြိမ်မျှသာ အိပ်ရာခင်း လျှော်လေ့ရှိသည့် လူပျိုကြီးတစ်ဦး အိမ်ထောင်ကျသွားပါက ပျမ်းမျှ (၂.၃)ပတ်လျှင် တစ်ကြိမ်မျှ အိပ်ရာခင်း အသစ်လဲလေ့ ရှိလာနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ အသစ်လဲလှယ် လျှော်ဖွပ်မှုတွင် အဓိက ပြုလုပ်သည်မှာ အမျိုးသားများ မဟုတ်ဘဲ အိမ်ထောင်ဘက် အမျိုးသမီးများ ဖြစ်နေတတ်ကြသည်။ အိမ်ထောင်သည်များတွင် အိပ်ရာခင်း အဝတ်လဲလှယ်တိုင်း အဝတ်လျှော်သူ (၈၁)ရာခိုင်နှုန်းသည် အမျိုးသမီးများဟု ဆိုသည်။
ကျန်းမာရေး ရှုထောင့်အရ အိပ်ရာခင်း လဲလှယ်မှုသည် အရေးကြီးသော လုပ်ဆောင်မှု တစ်ခုဟု ပညာရှင်များက ရှင်းပြခဲ့သည်။ အရေပြားတွင် မှိုစွဲတတ်သည့် ရောဂါရှိသူများ၊ ပန်းနာရင်ကျပ် ဝေဒနာသည်များသည် အိပ်ရာခင်းကို မကြာခဏ လဲလှယ်သင့်ကြောင်း သုတေသီများက ထောက်ခံထားသည်။ အကယ်၍ အချိန် အကျပ်အတည်းကြောင့် အိပ်ရာခင်း လဲလှယ်မှု ပြုလုပ်နိုင်ရန် ခက်ခဲပါက ပလပ်စတစ် အခင်းကဲ့သို့ အရာများကို တစ်ထပ်ခံကာ အိပ်စက်သင့်ကြောင်း အန်လာဂျန် သုတေသန အဖွဲ့မှ အီဝမ်တိုဗီက ပြောကြားခဲ့သည်။ ဝဲလ်ဝုခ်ဆေးသုတေသန ဌာန၏ လက်အောက်ခံလည်းဖြစ်သည့် အန်လာဂျန် သုတေသန အဖွဲ့သည် အိပ်ရာအနေအထားနှင့် ကျန်းမာရေး အခြေအနေ ဆက်စပ်မှုကို သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
"သမားရိုးကျ ဖြစ်လေ့ရှိတာကတော့ အိပ်ရာခင်း သိပ်မလဲတဲ့အခါ နှင်းခူနာလို ရောဂါတွေကို ပိုပြီးဆိုးရွား သွားစေတတ်တယ်။ ညဘက် ချောင်းဆိုးတာမျိုးက ပျောက်ဖို့ ခဲယဉ်းသွားတယ်။ ဒါပေမဲ့လည်း ဒီကောက်ချက်တွေက ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောတဲ့ မှတ်ချက်မျိုးပဲ ဖြစ်ပါတယ်"ဟု တိုဗီက ဆိုသည်။ "အိပ်ရာခင်းမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေက ဘယ်လို အဆိုးဘက်က သက်ရောက်မှုတွေ ဖြစ်လာစေတယ် ဆိုတာကို ကျွန်တော်တို့ အရင်တော့ သက်သေပြခဲ့ဖူးပြီးပြီ"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အန်လာဂျန် သုတေသန အဖွဲ့၏ စစ်တမ်းအရ အသက်(၃၅)နှစ်မှ (၅၀)ကြား အရွယ်များသည် ပျမ်းမျှအားဖြင့် အိပ်ရာခင်းကို တစ်ပတ်လျှင် တစ်ကြိမ်မျှ လျှော်လေ့ရှိပြီး လူငယ်ပိုင်းကမူ ဂရုပြုမှု နည်းပါးသဖြင့် လူငယ်များအတွက် ပိုမို စိုးရိမ်မိကြောင်းလည်း တိုဗီက ဝန်ခံသွားခဲ့သည်။
Credit: Planet
အန္တရာယ်ကင်းဘေးရှင်းဖို့
sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ
0 Comments