Last post

အမျိုးသမီးနဲ့ အတူအိပ်ခွင့်ရမယ့် ဂျပန်က အအိပ်ဆိုင်

အမျိုးသမီးနဲ့ အတူအိပ်ခွင့်ရမယ့် ဂျပန်က အအိပ်ဆိုင်
အတူအိပ်တယ်ဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့.။ အိပ်ရုံပဲ အိပ်လို့ရမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။ အခြား ဘာမှ မပါပါဘူး။ ဂျပန်နိုင်ငံရဲ့ Akihabara မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက် အိပ်ကြတဲ့ Customer တွေများလာခဲ့ပါတယ်။ အမျိုးသားတွေပါ။
အမျိုးသမီးနဲ့ အတူအိပ်ခွင့်ရမှာ ဖြစ်ပြီး မိနစ် ၂၀ အိပ်ရင် အမေရိကန်ဒေါ်လာ ၃၉ ဒေါ်လာ ကုန်ကျပါတယ်။ အကယ်၍ ၆ နာရီ အိပ်မယ်ဆိုရင် ၃၈၆ ဒေါ်လာ ကုန်ကျပြီး ဒါတွေဟာ မန်ဘာကြေး ဖြစ်ပါတယ်။ အပြင်လူအနေနဲ့က ယင်းထက် နှစ်ဆလည်း ပေးကောင်းပေးရပါလိမ့်မယ်။ အဲ့ဒီမှာ Value Added Service များ ပါဝင်ပါသေးတယ်။ ဥပမာ မိန်းကလေးကို ကိုယ့်ရဲ့ လက်ပေါ်မှာ အိပ်စေမယ်ဆိုရင် ၃ မိနစ်စာ အိပ်ရန်ဈေးက ၁၃ ဒေါ်လာ ဝန်းကျင် ရှိပြီး ကိုယ်က သူမရဲ့ ပေါင်ပေါ်မှာ အိပ်ချင်တယ်ဆိုရင် လည်း ၃ မိနစ်ကို ၁၃ ဒေါ်လာပဲ ဖြစ်ပါတယ်။ ဂျပန်ယန်းငွေနဲ့ဆိုရင် ယန်း ၁၀၀၀ ပေးရလို့ပါ။ နောက်ထပ် service အနေနဲ့ အိပ်နေစဉ် တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်း စိုက်ကြည့်ချင်တယ်ဆိုရင်လည်း ၃ မိနစ်စာအတွက်ဈေးထပ်ကောက်ပါတယ်။ အဲ့ဒီမှာ လိင်ကိစ္စတော့ တစ်ခုမှ လုပ်လို့မရ ပါဘူး။
ဂျပန်နိုင်ငံမှာ လူတိုင်းဟာ အလုပ်အင်မတန် လုပ်ကြပြီး မိသားစု အတွက် အချိန်ပေးတာ နည်းကြပါတယ်။ အမျိုးသမီးတွေကော၊ အမျိုးသားတွေပါ တစ်ဦးတည်း နေထိုင်တာမျိုးတွေ များကြပြီး အထီးကျန်ကြပါတယ်။ အထူးသဖြင့် အမျိုးသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂျပန်နိုင်ငံမှ လိင်ဖျော်ဖြေရေး စီးပွားရေး လုပ်ငန်းများကို များစွာ ခွင့်ပြုပေးခဲ့ကြပြီး ယခု စီးပွားရေး ပုံစံ ဟာဆိုရင်လည်း အသစ်ပဲ ဖြစ်ပါတယ်။

အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့ 

ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments