အဓမ္မကျင့် ခံရမည်ကို ကြောက်၍ ထွက်ပြေးသည့် အပြာကား မင်းသမီး ခြေနှစ်ချောင်းလုံးကျိုး
---
ရုရှား နိုင်ငံမှ ပုရိသ အကြိုက် အပြာ ဇာတ်ကား သရုပ်ဆောင် မင်းသမီး တစ်ဦး
ဖြစ်သည့် အသက်၂၂ နှစ်အရွယ် လိုလာတေလာသည် ရုပ်ရှင် ရိုက်ကူး မည်ဟု လိမ်ညာ
ခေါ်ဆောင်သူ နှစ်ဦး၏ အဓမ္မ ပြုကျင့်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းရာမှ
ခြေထောက် နှစ်ချောင်းလုံး ကျိုးသည်အထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွား
ခဲ့သည်။
လိုလာသည် ယင်းလူ နှစ်ဦး
ခေါ်ဆောင်ရာသို့ လိုက်သွားခဲ့ရာမှ အဆိုပါ ပုဂ္ဂိုလ် နှစ်ဦးက အကြမ်းပတမ်း
အပြာ ရုပ်ရှင်များတွင် ပြုလုပ်သကဲ့သို့ အဓမ္မ ပြုကျင့်ရန်
ကြိုးပမ်းခဲ့သဖြင့် လိုလာက ပြတင်းပေါက်က တစ်ဆင့် ခုန်ချ ထွက်ပြေး ခဲ့ရခြင်း
ဖြစ်ပြီး သုံးထပ်တိုက်ခန်း ပြူတင်းပေါက်မှ ခုန်ချခဲ့ခြင်း ဖြစ်သည့် အတွက်
လိုလာ၏ ခြေထောက် နှစ်ချောင်းလုံး ကျိုးသွားခဲ့ရသည်။
သွေးများ
ပေကျံကာ အဝတ်အစားများ ဆုတ်ပြဲလျှက် ရှိနေပြီး လမ်းပေါ်တွင် လဲနေသည့် တေလာကို
ခွေးနှင့်အတူ လမ်းလျှောက် နေသည့် လူတစ်ဦးက တွေ့ ရှိ ခဲ့ခြင်း ဖြစ်သည်။
ယင်းပုဂ္ဂိုလ်ကပင် ရဲသို့ ဖုန်းဆက်၍ အရေးပေါ် ကားဖြင့် ဆေးရုံ တင်ခဲ့ရခြင်း
ဖြစ်သည်။ “ကျွန်တော် က ကိုယ်ဘာသာ အေးဆေး လမ်းလျှောက် နေတာပါ။ ဒီအချိန်မှာ
မြေပေါ် လဲနေတဲ့ သူ့ ကို တွေ့ တာပါ။ ဘာဖြစ်လဲ မသိပေမယ့် ရဲကို ဖုန်းဆက်
ခေါ်ခဲ့တာပါ”ဟု ကူညီခဲ့သူ ဗန်နိုဂရာဒေါ့ဗ်က ပြောသည်။
“တရားခံ
နှစ်ဦးကို ဖမ်းဆီး ခဲ့ပါတယ်။ သူတို့က ငြင်းကြ သေးတယ်။ ဒါပေမယ့် တိုက်ခန်း
ထဲမှာ သက်သေက ကျန်နေတယ်။ သွေးတွေကို သူတို့ က သန့်ရှင်းရေး လုပ်ပေမယ့်
လိုလာ့ အဝတ်အစား တွေက စုတ်ပြဲတဲ့ အပိုင်းတွေ ကိုတော့ ကျွန်တော်တို
့တွေ့ခဲ့တယ်”ဟု ရဲဌာန ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောသည်။
၎င်းတို
့ကို အာမခံ မပေးပဲ အမှု မစစ်ဆေးမီ သုံးလ ချုပ်နှောင် ထားမည် ဖြစ်ကာ
ထောင်ဒဏ် နှစ်သုံးဆယ် ချမှတ် နိုင်သည့် ပြစ်မှု အဖြစ် တရားစွဲဆို သွားမည်
ဖြစ်သည်။ ယင်းအဓမ္မ သမားများမှာ အကြမ်းပတမ်း လိင်ဆက်ဆံမှုကို နှစ်သက်သည့်
စိတ်ဝေဒနာ ရှိသူများဟု ရဲများက ယူဆလျှက် ရှိသည်။
Ref: Daily Mail
0 Comments